အစ္စရေးကို အီရန်က လေကြောင်းမှ တိုက်ခိုက်မှု စင်္ကာပူ ပြစ်တင်ရှုံ့ချ
စင်္ကာပူ၊ဧပြီ ၁၄ ယခုလအစောပိုင်းက ဒမတ်စကတ်ရှိကောင်စစ်ဝန်ရုံးအား အစ္စရေးက လေကြောင်း မှ တိုက်ခိုက်မှုအတွက် လက်တုန့်ပြန်သည့်အနေဖြင့် အီရန်က အစ္စရေးကို ဒရုန်းများ ၊ ဒုံးကျည်များဖြင့် လေကြောင်း မှ တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ခြင်း အား စင်္ကာပူက ပြစ်တင် ရှုံ့ချကြောင်းပြောကြားခဲ့သည်။ “အခုလိုပုံကြီးချဲ့ပြီးေတာ့ လက်တုန့်ပြန်တာက နဂိုက တည်းက တင်းမာနေပြီးသား ဖြစ်နေတဲ့ ဒေသကို ပိုတင်းမာပြီးမတည်မငြိမ်ဖြစ်စေပါတယ်” ဟုလည်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်၌ဖော်ပြထားသည်။ အီရန်က ရာနှင့်ချီသောဒရုန်းများနှင့်ဒုံးကျည်များကို အစ္စရေးပိုင်နက်အတွင်းသို့ပစ်လွှတ်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြုလုပ်ရခြင်းသည် ဧပြီလအစောပိုင်းက ဒမတ်စကတ်ရှိကောင်စစ်ဝန်ရုံးကို တိုက်ခိုက်မှုအတွက်လက်တုန့်ပြန်ခြင်းဖြစ်ကြောင်းတရားဝင်ပြောကြားခဲ့သည်။ အရှေ့အလယ်ပိုင်း၌ မတည်မငြိမ်ဖြစ်စေသော ဂါဇာကမ်းမြောင်စစ်ပွဲ၏အခြေအနေများနှင့် ပိုမိုဆိုးရွားလာမည့် ပဋိပက္ခများအတွက် စင်္ကာပူအနေဖြင့် အထူးတလည် စိုးရိမ် မကင်းဖြစ်မိကြောင်း ကို ပြောကြားခဲ့ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးအနေဖြင့် ပဋိပက္ခ ကို ပို၍ … Continue reading အစ္စရေးကို အီရန်က လေကြောင်းမှ တိုက်ခိုက်မှု စင်္ကာပူ ပြစ်တင်ရှုံ့ချ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed